Monday, 5 January 2009
Game Cheat Codes Software
ဒီ Post ကတော့ ကျွန်တော် ဟို ဆိုဒ်ဝင် ဒီဆိုဒ်ဝင် နဲ့တွေ့တာပါ။ Bo Bo's Blog ထဲက ကိုလင်းလင်းအောင် ရဲ့ ဘလော့ဂ်ထဲမှာတွေ့ လိုက်ရတဲ့ Game Cheat codes generator လေးပါ။ တစ်ခြားလူတွေတော့မသိဘူး ကျွန်တော်ကတော့အရမ်းကြိုက် ပါတယ်။ :) တကယ်လို့ လိုချင်ရင်တော့ ဒီ page ကို တစ်ချက်ရှိုးလိုက်ပါ။ :)
Tuesday, 30 December 2008
WallPapers
ကျွန်တော်လဲ ဘာရယ်တော့မဟုတ်ပါဘူး သူများတွေလို့ Download လုပ်စရာလေး ပေးချင်လို့ပါ။ Wallpaper တွေပါ။ Upload လုပ်ရတဲ့ အချိန်ရယ် မြန်မာပြည်ရဲ့ နာမည်ကြီး Connection တို့ကြောင့် နဲနဲပဲတင်လို့ရတဲ့အတွက် ကျွန်တော် ၅ ပုံ ၆ ပုံ လောက်ပဲပေးနိုင်ပါတယ်။ နောက်လဲ အားရင်အားသလို ကောင်းရင်ကောင်းသလိုတင်ပေးပါ့မယ်။ ယူမယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။ကြိုက်မယ်လို့မျှော်လင့်ပါတယ်။
Saturday, 20 December 2008
Friday, 19 December 2008
USB Safely Rmove Software
အခုကျွန်တော် တို့ Pen Drive တွေ Mp3 တွေ အမျိုးမျိုးသုံးနေရင်းနဲ့ တစ်ခါတစ်လေ (ကျွန်တော်ကတော့ အမြဲတမ်း);) ရင်ဆိုင်နေရတာတော့ Memory stick့  ကို လွယ်လွယ်ကူကူ Stop လုပ်လို့ မရတာပါပဲ။ တစ်ချက်ကတော့ သူ့အထဲက Software ဖြစ်ဖြစ် File တစ်ခုပဲ ဖြစ်ဖြစ် Run ထားတာရယ် နောက်တစ်ခုကတော့ VIRUS ကိုက်နေတာရယ် ဖြစ်ပါတယ်။VIRUS ကိုက်နေတာကိုတော့ မဖြေရှင်းနိုင်ပေမယ့် တော်တော်များများတော့ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ကဲ ဒေါင်းလုပ် လုပ်လိုက်ကျရအောင်။
Vista Coustomization Pack
ဟူး... မလွယ်လိုက်တာ ကျွန်တော် ဒီ ဟာလေးကို ပေးဖို့ Upload လုပ်ရတာသေအောင်စောင့်ရတယ်။ တကယ်လို့ အစ်ကိုတို့ အစ်မတို့ သည်းခံစိတ်ကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ file တွေ upload များလုပ်ကြည့်ပါလို့ အကြံပေးချင်တယ်ဗျာ။ :) ကဲ ဒီတစ်ခါတော့ ကျွန်တော်တို့ Vista ကို Style အတွက်သာသုံးချင်ရင်တော့ ဒီမှာ ဒေါင်းလုပ် လုပ်လိုက်ပါ။ Run ရတာလဲလွယ်ကူပါတယ်။ သူကပြီးခါနီးကျရင် Window SP One ဖြစ်ဖြစ် SP Two ပဲဖြစ်ဖြစ် သူကတောင်းလိမ့်မယ်။ အခွေ ရှိတဲ့လူကတော့ Back Up လုပ်ဖို့ အတွက် ပေးလိုက်ပေါ့။ကျွန်တော့် တုန်းကတော့ အခွေပျောက်သွားလို့ Cancel ပဲလုပ်လိုက်ရတယ်။ အခွေမရှိလဲဘာမှတော့မဖြစ်လောက်ဘူးထင်တယ်။ ဟီးဟီး ကဲပြောနေတာကြာပါတယ်။
Subscribe to:
Posts (Atom)
